Facebook



(ZawGyi)













(Unicode)

သင့်ဘဝအတွက် ချစ်သူရွေးတော့မယ် ဆိုရင်… အလှအပ သိပ်ကြိုက်တဲ့ ချစ်သူမျိုးကိုရှောင်

သူကြိုက်တာက မင်းရဲ့ချောမောလှပမှု ကိုပါ…… တစ်နေ့ မင်းရဲ့ အလှတွေ ပျက်သွားတဲ့အချိန် တစ်နေ့ မင်း မပြင်မဆင် မခြယ်သနိုင်တော့တဲ့ အချိန် သူ့ အချစ်တွေပါ လိုက်ပျက်သွားလိမ့်မယ… အဲ့အချိန် သူက တစ်ခြားသော အလှအပဆီကို ကူးပြောင်းပြီး နောက်အလှတစ်ခုကို ခံစားနေပါလိမ့်မယ်…

ချစ်သူ ထားတော့မယ် ဆိုရင်… တဏှာရာဂ (ခပ်ရိုင်းရိုင်း ဒဲ့ပြောရရင် ) မင်းခန္ဓာကိုယ် အချိုးအစားနဲ့ မင်းရဲ့ ဖွံ့ထွားမှုကို တပ်မက်တဲ့ မျက်လုံးမျိုးနဲ့ ကြည့်တတ်တဲ့ သူကိုရှောင်……

တစ်ချိန် မင်းရဲ့ ခန္ဓာကို အသည်းအသန် တောင်းခံပြီး တာဝန်မဲ့တဲ့ လုပ်ရပ်တွေနဲ့ မင်းကို ချန်ထားခဲ့လိမ့်မယ်…

ချစ်သူ ထားတော့မယ် ဆိုရင်...  မင်းဆီ တစ်ချိန်လုံး sms ပို့ပြီး " ချစ်တယ် အရမ်း ချစ်တယ် " ဆိုတဲ့စကား ခဏခဏ ပြောတတ်တဲ့သူကိုရှောင်…

ချစ်သူ စဖြစ်ကာစ မို့သာ ပြောနေတာပါ..  အချိန်လေး ကြာလာတဲ့အမျှ " ချစ်တယ် " ဆိုတဲ့ စကားကို မင်းကိုပြောဖို့ ဝန်လေးနေသလို အချစ်တွေလည်း လျော့တိလျောရဲ ဖြစ်လာလိမ့်မယ်…

ချစ်သူ ထားတော့မယ် ဆိုရင်..  အပြစ်တစ်ခုရှိ ဝန်မခံတတ်ပဲ လှည့်ပတ် လိမ်လည်တတ်တဲ့ ချစ်သူမျိုးကိုရှောင်…

မင်းအနေနဲ့ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ကိစ္စမျိုးကိုတောင် လှလှပပ သူ လိမ်ပြလိမ့်မယ်… ချစ်နေတုန်းမို့ မင်းခွင့်လွှတ်ပေမယ့် တစ်ချိန် မင်းကိုထားပြီး ဖောက်ပြန် ခြံခုန်လိမ့်မယ်…

ချစ်သူ ထားတော့မယ် ဆိုရင် ကိုယ်ချစ်တဲ့ ချစ်သူကို ဘယ်လို အနေအထားမျိုးမှာ ဖြစ်ဖြစ် ပတ်ဝန်းကျင်ရှေ့ လက်တွဲရဲတဲ့ ချစ်သူမျိုးကိုရှာ…

ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူစိတ် အပြည့်ရှိတဲ့ ယောက်ျားကောင်းမျိုး ကိုရှာ…… လောကမှာ ဖောက်ပြန်ဖို့ရာ လွယ်ကူပေမယ့် သစ္စာရှိဖို့ရာ အရမ်းခက်ခဲတယ်… အပြစ် ကျုးလွန်ဖို့ရာ သိပ်ပီး လွယ်ကူပေမယ့် ဝန်ခံတတ်ဖို့ရာ အရမ်းခက်ခဲတယ်…

" ချစ်တယ် " ဆိုတဲ့စကား နှုတ်ဖျားလေးမှာ ပြောဖို့ရာ လွယ်ကူပေမယ့်…… ကောင်းတူဆိုးဖက် လက်ထပ်ဖို့ရာ အရမ်း ခက်ခဲတယ်…

မေတ္တာဖြင့် သူသူဟိန်း
ချစ်သူ ထားတော့မယ် ဆိုရင် ချစ်သူ ထားတော့မယ် ဆိုရင် Reviewed by H on 21:15 Rating: 5

No comments:

Powered by Blogger.